Blogs

ဇိုတုန်ဝတ်စုံပေါ်ပေါက်လာခြင်း သမိုင်းအကျဉ်းချုပ်

  • "အမှာစာ"

    ဇိုတန်မျိုးနွယ်စု၏ သမိုင်းများစွာ ရှိသည့် အနက် ရိုးရာယဉ်ကျေးမူဝတ်စုံ ပေါ်ထွန်းလာခြင်း သမိုင်းသည် တမူ ထူးခြားသော သမိုင်းဖြစ်ကြောင်း ဇိုတုန်မျိုးနွယ်စုတိုင်း သိရှိပြီး ဖြစ်ပါသည်။ ဇိုတုန်ရိုးရာယဉ်ကျေးမူ ဝတ်စုံသမိုင်းပြုစုရေးအဖွဲ့ အနေဖြင့် ဤသမိုင်းပြုစုရခြင်းနှင့် ဖြန့်ဝေရခြင်း၏ ရည်ရွယ်ချက်မှာ -

     

    ရိုးရာယဉ်ကျေးမူ ဝတ်စုံဖြစ်သော သွယ်လျားသောင်နတ်နှင့် အခြားသော (ချိတ်) အပွင့်ကွက် ယက်အထည်တို့ကို စာဖတ်သူများ ရှင်းလင်းစာ သိရှိကြရန် ရည်ရွယ်၍ ဤသမိုင်းပြုစုရခြင်းဖြစ်ပါသည်။ ဤသမိုင်းနှင့ ပတ်သတ်၍ သိရှိသူများအတွက် သမိုင်းအဆက်အစဆန်လပ်ခဲ့မိပါက ပြန်လည်ဖြည်စွက်ပေးနိုင်ရန်နှင့် မသိရှိသေးသူများအတွက် မရှင်းလင်၊ လက်မခဲ့နိုင်သော အချက်များရှိပါက လူကိုယ်တိုင် သော်လည်းကောင်၊ စာအားဖြင့်သော် လည်းကောင်း ဆက်သွယ်မေးမြန်ကြပါရန် မေတ္တာရပ် ခံပါသည်။

     

    ဇိုတုန်ယဉ်ကျေးမူဝတ်စုံပေါ်ထွန်းလာခြင်း သမိုင်း ဇိုတုန်မျိုးနွယ်စုသည် ချင်းပြည်နယ် မတူပီမြို့နယ် အတွင်းရှိ (မတူ၊ ဒိုင်၊ လာအိုတူ၊ ဇိုတုန်) တွင် ပါဝင်သော လူမျိုးနွယ်စုဖြစ်ရာ လူဦးရေမှာ နှစ်သောင်းခွဲခန့် ရှိပါသည်။ တည်နေရာမှာ အရှေ့ဘက်တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ဘက်တွင် ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်၊ တောင်ဘက်တွင် မတူနယ်နှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံများဖြင့် ဆက်စပ်လျက် ရှိပါသည်။ ယနေ့၌ နိုင်ငံတော်၏ အစီအစဉ်ဖြင့် ၂၀၀၂ ခုနှစ်၊ ဧပြီလတွင် ရေဇွာမြို့နယ်ခွဲအဖြစ် တိုးမြှင့်ထားသော နယ်မြေဒေသ ဖြစ်ပါသည်။

     

    ဇိုတုန်မျိုးနွယ်စုသည် စာပေနှင့် ယဉ်ကျေးမူ ပြည့်စုံသော ရိုးရာဓလေ့ထုံးတမ်းစဉ်လာများရှိရာ ၁၉၉၁ ခုနှစ်တွင် ရှင်မဿ ဲ ခရစ်ဝင်ကျမ်းကို ဇိုတုန်ဘာသာစကာဖြင့် ထုတ်ဝေးခဲ့ပြီး ဖြစ်ပါသည်။ ယဉ်ကျေးမူ ထုံးတမ်းဓလေ့ရိုးရာဝတ်စုံများလည်း အကွက်မျိုးစုံနှင့် ပုံစံ အမျိုးမျိုးဖြင့် ယနေ့ထိတိုင်ထိန်းသိမ်းနိုင်ခဲ့ပါသည်။ ၎င်းအကွက် မျိုးစုံနှင့် ပုံစံမျိုးစုံဖြင့် အမြတ်တနိုးထားကာ ဝတ်စားဆင်ယင်သောစောင်များ အနက်သွယ်လျာနှင့် သောင်နတ် ခေါ်စောင်နှစ်မျိုးဖြစ်ပေါ်လာပုံမှာ အေဒီ ၁၄၀၀ ခန့်တွင် အလွန်ထူးဆန်းသောသမိုင်း အဖြစ်အပျက်မှ စတင်ပေါ်ထွန်းလာကြောင်းကောက်နုတ် တင်ပြလိုပါသည်။ ဤဇိုတုန် ဲရိုးရာဝတ်စုံကို ဟားခါး၊ ထန်တလန်၊ ဆဲန်ထန်၊ လာအိုသူ၊ မရာနှင့် ရိုပေးလူမျိုး နွယ်စုတို့လည်း အသုံးပြုကြောင်း သိရှိရပါသည်။

     

    ဆယ်ပီရွာ၏ နောက်ခံသမိုင်းအကျဉ်း

    ဆယ်ပီရွာသည် ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဇိုတုန်မျိုးနွယ်စုများနေထိုင်သော ရွာဖြစ်သညါ၊ ရှေးခေတ် ဆယ်ပီရွာတွင် နေထိုင်ကြသောလူတို့၏ တွေးခေါ်မူနှင့် လုပ်ဆောင်ချက်များသညါ ထူးခြားစွာ ရှိခဲ့၍ ယနေ့ထိတိုင် သမိုင်းတွင် ကန်ရစ်သေးပေသညါ။ ခေတ်သစ်ခေတ်မှ တစ်ခေတ်သို့ လည်းကောင်း၊ ဘိုးဘေးဘီဘင်မှသည် သားစဉ်မြေးဆက်သို့လည်းကောင်း၊ တစ်ဦးမှတစ်ဦးသို့ လည်းကောင်၊ လက်ဆင့်ကမ်းနည်းဖြင့် ဆင်းသက်လာ၍ ယနေ့ အသက်ရှင်လျှောက်ရှိကြသော ဇိုတုန်မျိုးနွယ်စုများသည် ဆယ်ပီ၏ သမိုင်းနှင့် လုပ်ဆောင်ချက်များကို သိရှိကြရခြင်း ဖြစ်ပါသည်။

     

    ထိုခေတ်အယူအဆအရ ချောင်းကမ်းပါး တောင်ပျို၊ မြေပျို၍ ချောင်းပိတ်ရေတင်သောအခါ ရေသူမမီးဖွားသည်ဟု ယူဆကြသညါ။ ထို့ကြောင့် ချောင်းပိတ်ရေပိတ်ရေတင်သည့်ချောင်း၏ အဖျားပိုင်တွင် ငါးမူးအောင်သစ်စေးဖြန့်နည်းဖြင့် ငါးဖမ်းပါက ရေသူမသားသေနိုင်သည်ဟု နတ်ဗေဒင်ဟောတတ်သူ ဟောပြောချက်အရ မည်သူမျှ ထိုးနည်းဖြင့် ချောင်း အထက်ပိုင်း သို့ ငါးမဖမ်းရဲကြပေ။

     

    တစ်နေ့တွင် ထိုအယူအဆကို လက်ခံယုံကြည်ခြင်း မရှိသူတို့က ရေသူမမီဖွားသည့် နေရာ၏ ချောင်းဖျားပိုင်းတွင် ချောင်းပိတ် သစ်စေးမြန့်ငါးဖမ်းခဲ့ကြသည်။ ညမှောင်သော အချိန်တွင် ရေသူမသည် သစ်စေးဖြန့်သော သူတို့၏ အိမ်သို့ လှည့်လည်၍ ကျိန်စာသီချင်းဆိုကာ လူများသေကုန်ကြသည်။ အချိုတို့သည် ငါးဟင်းပင် မစားမိ သေဆုံးကြသည်။

     

    နှစ်အတန် ကြာသောအခါ ထိုချောင်းတွင် မြေပြို၍ ရေအိုင်ပြန်သည်။ အတွေးအခေါ် နည်းလှသော ဆယ်ပီရွာ သားတို့သည် ရေသူမကို မြင်တွေ့နိုုင်ရန် အတီး အမူတ်မျိုးစုံဖြင့် ထိုချောင်းသို့သွား၍ ပူဇော်ကြသည် ထိုအချိန်တွင် တီးမူတ်ကခုန်ကြ၍ ရေသူမပေါ်လာရန် တောင်းဆိုကြသည်။ ထိုနောက် အင်မတန် ကြောက်စရာ ကောင်းသော မြွေကြီးတစ်ကောင်သည် ရေထဲမှပေါ်လာ၍ ဆယ်ပီရွာသားများ အားလုံးကြောက်လန့်ကြပြီး ထွက်ပြေး သွားကြသည်။ ဗုံကြီးလွယ်သော တစ်ယောက်တည်းသာ မပြေးနိုင်သဖြင့် "အရှင်သခင်မသည် အင်မတန်လှပပါသည်။ အကျွန်ပ်ကို အသက်ချမ်းသားပေးပါ" ဟု တောင်းပန်သည်။

     

    ထိုနှစ်မိုးရာသီရောက်သောအခါ မီုးသည်းထန်စွာ ရွာသွန်းချိန်တွင် ရွာအတွင်းမြေပြိုသောကြောင့် ဆယ်ပီရွာသားများသည် ရေသူမက ဖျက်ဆီးသည်ဟု ယုံကြည်ကြ၍ အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ကြသည်။

     

    ဤသို့ဖြင့် ရှေးခေတ် ဆယ်ပီးရွာရှိလူတို့သည် ရေသူမနှင့် အဆက်အစရှိကြောင်း သမိုင်းအရ သိရှိနိုင်သည်။ လက်ရှိအခြေအနေတွင်လည်း ဆယ်ပီးရွာရပ်ကွပ် (၂) ခုသည် မြေမပြိုသေည်လည်း နေအိမ်များ လဲယိုင်သဖြင့် အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်ကို အချို့သည် ရှေးခေတ်ကဲ့သို့ ရေသူမ ဖျက်ဆီးပေးခြင်းဖြစ်မည်ဟု ယုံကြည်ယူဆကြသည်။

     

    ရိုးရာစောင်မှ ချိတ်အကွက်ဆန်းပေါ်ပေါက်ပုံ အဆင့်ဆင့် မောင်ထိုခဲပျောက်ဆုံးခြင်း

    ဇိုတုန်နယ်၊ လုံငိုးရွာနှင့် (၆)မိုင်ခန့်ဝေးသော ဆယ်ပီရွာတွင် အင်မတန်ခောမောလှပသော လူငယ်မောင်ထိုခဲဆိုသူ ရှိခဲ့ပါသည်။ တနေ့တွင် မောင်ထိုခဲကွန်စွပ်ရန် လက်ဆာမြစ် (မြစ်သာမြစ်) သို့ ဆင်းခဲ့ပါသည်။ ညအချိန်အထိ ပြန်မလာသောကြောင့် တရွာလုံးက မောင်ထိုခဲကို မိုးလင်းပေါက် ရှာကြသော်လည်း မတွေ့ကြပါ။ ဆယ်လက်၍ သုံး/လေး ရက်ရှာပြီး မတွေ့ကြသေညကြောင့် တောကောင်က ကိုက်စားချီသွားပြီဟု ယူဆကြသည်။ ထို့ကြောင့် ဇိုတုန်နွယ်စုတို့သည် သေဆုံးသူအား အသုဘပွဲကျင်းပ ပြုလုပ်ပေးခြင်း မရှိပါက နိဗ္ဗာန်ကောင်းစွာ ရောက်ရှိနိုင်ခြင်းမရှိဟု အယူအဆ ရှိသည်နှင့်အညီ မောင်ထိုခဲနိဗ္ဗာန်ကောင်းစွာ ရောက်ရှိနိုင်ရန် အသုဘပွဲကျင်းပပြုလုပ်ပေးခဲ့သည်။

    ဦးထိုခဲ ပြန်ရောက်လာခြင်း

     

    ဦးထိုခဲ ပျောက်ဆုံသည့်အချိန်မှ (၃)နှစ်ကြာသောအခါ မမျှော်လင့်ဘဲ ဦးထိုခဲအိမ်သို့ ပြန်ရောက်လာပြီး တစ်ရွာလုံး အံ့သြကြသည်။ လူတိုင်းလာရောက် နူတ်ဆက်ကြ၍ ပျောက်ဆုံးပုံ အဖြစ်အပျက်ကို မေးမြန်းကြသည်။ ဦးထိုခဲက ပြန်ကြားသည်မှာ ဖြစ်ပျက်ခဲ့ပုံ အကြောင်းကို ဖွင့်ပြောမိပါလျှင် အပ်ချောင်းများက မိမိ၏ လည်းချောင်းကို စူး၍ သေသွားရမည်ဟု သူ၏ချစ်ဇနီးက မှာထားခဲ့ကြောင်း ပြောပြပါသည်။ အကယ်၍ ပြောမိပါက ပြောပြီးရင်ပြောပြီးချင်း ကျွန်တော် ချက်ချင်းသေဆုံးသွားမည် ဖြစ်သောကြောင့် ၎င်းအဖြစ်အပျက်ကို မပြောပြနိုင်ကြောင်း ငြင်းဆိုခဲ့သည်။ သို့ရာတွင် ထိုခေတ် ဆယ်ပီရွာသားတို့သည် တွေးခေါ်မူအင်မတန် နိမ့်ကျသေးသူများဖြစ်သည့် အားလျော်စွာ ဦးထိုခဲအသက်ရှင်ရေးထက် ဖြစ်ပျက်ခဲ့ပုံအကြောင်းသိလိုသော ဆန္ဒက ပို၍ ပြင်းပြသဖြင့် မနေသာအောင်မေးကြသည်။

     

    ထိုနောက် နောက်ဆုံးအချိန်တွင် ဦးထိုခဲကည်း ဖြစ်ပျက်ခဲ့ပုံအကြောင်းစုံကို ပြောပြတော့မည်ဖြစ်၍ ကျွန်တော် အသုဘအတွက် နွားနောက်/ ဝက်များနှင့် ခေါင်ရည်အိုးများ၊ ကုန်ကျမည့်အရာအားလုံးကို အဆင်သင့်ပြင်ထားပါဟု ပြော၍ ဆယ်ပီရွာသားတို့ကလည်း ဦးထိုခဲပြောသည့်အတိုင်း လိုအပ်သော အရားအားလုံးကို အ်ဆင်သင့် စုဆောင်းခဲ့ကြပါသည်။

     

    ဦးထိုခဲသေဆုံးခြင်း

     

    ဦးထိုခဲက အဖြစ်အပျက်ကို ဤသိုပြောပြတော့သည် "ကျွန်တော်လက်စာချောင်း (မြစ်သာမြစ်)သို့ ဆင်း၍ ကမ်းနံဘေး၌ ရပ်နေစဉ် အင်မတန်ချောမောလှပသော အပျိုမတစ်ယောက်သည် ရေထဲမှပေါ်လာ၍ ကျွန်တော်ကို နူတ်ဆက်ခဲ့ရာ ကျွန်တော်လည်း မထိန်းနိုင်သောမေတ္တကြောင့် ရင်တသိမ့်သိမ့်ခုန်ကာ အပျိုမကို ချစ်မေတ္တာဖြင့် တုန့်ပြန်ခဲ့ပါသည်။ အဆင်ပြေပြီး သူ့နောက်သို့ လိုက်သွား၍ သုံးနှစ်သုံးမိုး အကြင်လင်မယာအဖြစ် ပေါင်းသင်းကြသည်။ ကခုအိမ်သို့ ပြန်လာရခြင်းမှာ သူမ၏ ခွင့်ပြုချက်ဖြင့်သာ ခဏတဖြုတ် လာရခြင်းဖြစ်၍ ပြန်သွားမည်ဖြစ်သည်။ ကိုယ်တွေ့အဖြစ်အပျက်ကို ဖွင့်ပြောမိပါက လည်ချောင်း၌ အပ်စူးခြင်းခံ၍ သေးဆုံးသွားမည်ဖြစ်သည်" ဟူ၍ ပြောပြပြီးလျှင် ပြီးချင်း ကျိန်စာသင့်၍ အသက်ရူကြပ်ကာ သေဆုံးသွားရှာသည်။ (ဦးထိုခဲ၏ မယားအပျိုချောသည် ရေသူမဖြစ်မည်ဟု ယူဆကြည်။)

     

    ဈာပန အခမ်းအနား

     

    ဇိုတုန်မျိုးနွယ်စုတို့၏ ထုံးတမ်းစဉ်လာအတိုင်း အသုဘပွဲတွင် နွားနောက်/ဝက်များသတ်၍ ဧည့်ခံခြင်း၊ ခေါင်းရည်အိုးများ ထည့်ကာ ညလုံံးပေါက်ကခုန်ခြင်းများ၊ ဓလေ့ထုံးစံရှိသည့်အတိုင်း ဦးထိုခဲသေဆုံးသည့် အချိန်တွင်လည်း ထိုကဲ့သို့ အသုပပွဲကို ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့သည်။ အတီးအမူတ်မျိုးစုံဖြင့် အလွမ်းအဆွေးသီချင်းများ သီဆိုခြင်း ဓါးရှည်ကိုင်အကမျိုးကခြင်း၊ ဝါးညှပ်အကခြင်းဖြင့် သုံးရက်နှစ်သအတွင်း နေ့ညမခြားမလပ်ကခုန်ကြသည်။

     

    ပထမညသန်းခေါင်ယံကျော်အချိန်တွင် လူအစုအဝေးတို့သည် မေ့ဆေး ပေးသကဲ့သို့ အိပ်ပျော်ကြကုန်၍ မိန်းမကြီး တစ်ယေက်တည်းသာ အိပ်မရထိုင်နေခဲ့သည်။ ထိုအချိန်တွင် သာမန်မိန်မတို့၏ ဆံထုံးနှင့်မတူပဲ ထူးခြားစွာ ဆံထုံးထုံးထားသော နင်မတန်ချောမော လှပသည့် အပျိုမ တစ်ယောက်သည် အထည်မျိုးစုံယူဆောင်လာကာ အိမ်နောက်ဘက်မှ ဝင်လာသည်။ ပါလာသော စောင်နှင့် အထည်မျိုးစုံတို့ကို ဦးထိုခဲ၏ ရှပ်ကလပ်ဘေးနားတွင် ချိတ်ထားကာ ဤသို့ ငိုကြွေးသည် Honangla, honangla ka ci khaw, hoi khyh ka ci miarih kingkae. A hoi ka ci vapi sue. (မပြောနဲ့နော်၊ မပြောနဲ့နေည် ကိုထိုခဲတွက် မကောင်းဘူးဟုမှ ထားရဲ့သားနဲ့ ပြောမှားမိရှား၊ Tuisii ngapae pui sa la ka nge THo khe lo ngaw zaw? (ရွှေငါးများစွာရှိခဲ့ပေမဲ့ မောင်ကြီးထိုခဲအား တုနိုင်ပါ့မလား) Boilyn lamyng se sa la ka nge Tho Khe lo ngaw zaw? (အနီရောင် မျိုးစုံနှင့် ကျေးငုက်များစွာရှိခဲ့ပေမဲ့ မောင်ကြီးထိုခဲအား တုနိုင်ပါ့မလား) Loram saphin ly sa la ka nge Tho Khe lo ngaw zaw? (သတ္တဝါမျိုးစုံရှိခဲ့ပေမဲ့ မောင်ကြီးထိုခဲအား တုနိုင်ပါ့မလာ) Ccunginn kuitpong phou keiccu, cciraw langphae khunghangvae. (ဂတိသစွာ မစောင့်နိုင်၍ တမလွန်ဘဝရောက်ခဲ့ရရှာ)

     

    ဦးထိုခဲ ဈာပနာ အခမ်းအနားတွင် ရေသူမ၏ ငိုကြွေးသံကို ဇိုတုန်မျိုးနွယ်စု ခရစ်ယာန်မဟုတ်သော သူများသေဆုံးကြသည့်အခါတွင် အသုဘပွဲ၌ အလွမ်းအဆွေးသီချင်းအဖြစ် သီဆိုနေကြဆဲပင် ဖြစ်ပါသည်။

     

    အိပ်မရထိုင်နေသော မိန်မကြီးသည် မိန်းမချော (ရေသူမ) ငိုသံရင်နာလွမ်းဆွေးစရာရှိပုံကို လူအများကြားစေခြင်းငှာ လည်းကောင်း၊ စောင်များနှင့် အထည်မျိုးစုံ လှပပုံကို မြင်ကြစေခြင်းငှာလည်းကောင်း၊ အနီးအနားရှိ အိပ်ပျော်နေသူ တို့ကို လက်သည်းများဖြင့် ကုပ်ခြစ်၍ နိူးသေည်လည်း လုံးဝမနိုးကြပါ။

     

    မနက်မိုးလင်း၍ အိပ်ပျော်ရာမထကြသောအခါ ည၌ ဖြစ်ပျက်ခဲ့သမျှကို လူစုတို့အားပြောပြသည်။ အချို့ကလုံးဝ ယုံကြည်လက်ခံခြင်းမရှိသော်လည်း အချို့တို့သည် ယုံကြည်လက်ခံကြ၍ လာမည့်ညတွင် မအိပ်ဘဲ စောင့်နေမည်ဟု ဆိုခဲ့ကြ၍ လာမည့်ညတွင် မအိပ်ဘဲ စောင့်နေမည်ဟု ဆိုခဲ့ကြသည်။ ဒုတိယည သန်းခေါင်ကျော်အချိန်တွင်လည်း ပထမညကဲ့သို့ပင် လူစုလူဝေးတို့သည် မေ့ဆေးပေးသကဲ့သို့ အိပ်ပျော်ကြပြီး ပထမည၌ အိပ်မရထိုင်နေသူ မိန်းမကြီး တစ်ယောက်သာ အိပ်မရဘဲ ကျန်ရစ်ထိုင်နေခဲ့သည်။ ပထမညအတိုင်း မိန်းမချော(ရေသူမ) သည် အိမ်နောက်ဘက်မှ ပြန်ဝင်လာပြီး ယူဆောင်လာသော စောင်များနှင့် အထည်များကို ချိတ်ကာ ငိုးကြွေးခဲ့ပြန်သည်။

     

    တစ်ယောက်တည်းအိပ်မရ ထိုင်နေသော မိန်းမကြီးသည် အနီအနားရှိ အိပ်ပျော်နေသူတို့ကို နိူးသေည်လည်း လုံးဝမနိုးကြသောကြောင့် အပျိုမ (ရေသူမ)သည် ထိုသူ တစ်ယောက်တည်းကိုသည မြင်တွေ့နိုင်ခွင့်ပြုသည် ဟု ယူဆကြသည်။ မိုးလင်း၍ ကြက်တွန်လာသောအခါ အလျင်အမြန်စောင်များနှင့် အထည်များကို သိမ်းကာ ထွက်သွားခဲ့ပြန်သည်။ တစ်တောင်ခန့် ရှည်၍ တစ်ထွာကျယ်သော အိတ်တစ်လုံး ကျန်ခဲ့သည်ကို ဆယ်ပီရွာသားတို့က ကောက်ယူတွေ့ခဲ့ကြသည်။ ထိုအိတ်ကို အပွင့် (ချိတ်) မျိုးစုံဖြင့် ယက်လုပ်ထားသော အထည်ဖြစ်၍ အင်မတန်ထူးဆန်းလှပသည်။ အပျိုချော (ရေသူမ) မေ့ကျန်ခဲ့သော အိတ်ကို (ပိန်သီယာန်နှုန်း) ဟု နာမည်ပေးခဲ့သည်။

     

    ဦးထိုခဲနှင့် ပတ်သက်ပြီး ဆယ်ပီးရွာ၌ ဖြစ်ပျက်ခဲ့ပုံကို ဇိုတုန်နယ်တလျှောက်သတင်းပြန့်နှံ့ခဲ့သည်။ ထိုအချိန်တွင် လုံးငိုးရွာ၌ ဂျပ်ခုပ်ယက်တတ်သူ ဒေါ်ရီယာနူန်း (အိတ်)ကို ဒေါ်ရီယာသင်ခေါ် (Tou Thang Nung) ရှိခဲ့သည်။ ပိန်သီယာနူန်း (အိတ်)ကို ဒေါ်ရီယာသင်အား ပြုကြရာ ပုံတူယက်လုပ်တတ်သည်။

     

    ဦးတိုခဲ၏ အသုဘပွဲတွင် အိပ်မရ တစ်ယောက်တည်း ထိုင်နေသော မိန်မကြီးကို လုံငိုးစောဘွားကြီးက ခေါ်ခိုင်းပြီး ဦးထိုခဲသေဆုံးခဲ့စဉ်က ရုပ်ကလပ်ဘေးနား၌ ချိတ်ဆွဲထားသော ဆောင်မျိုးစုံများနှင့် အဝတ်အထည်များ၏ အရောင် (ချိတ်) အဖွင့်ကျွက်ပုံစံများကို မှတ်မိသည့်အတိုင်း ဒေါ်ရီယာသင်အား ဖေါက်သည် ချပြောပြခြင်းဖြင့် ပိန်သီယာနူန်း၏ (ချိတ်) အပွင့်ကွက်ကို အခြေခံ၍ သွယ်လျား သောင်နတ်၊ ထဘီ အနီ၊ အနက်၊ ခေါင်းပေါင်း၊ ခါးစည်း၊ လွယ်အိတ်အစရှိသော ချင်းဝတ်စုံအမျိုးမျိုးကို ဒေါ်ရီယာသင်က တီထွင် (Modenize) လုပ်ခြင်းဖြင့် ယနေ့အထိ ချင်းလူမျိုးများ အမြတ်တနိုးဝတ်ဆင်ကြသော ချင်းဝတ်စုံကို ပေါ်ပေါာက်ရခြင်းဖြစ်ပါသည်။

     

    သွယ်လျာ (Ccue Lia)

     

    ဇိုတုန်နွယ်စုများ မိမိတို့စိုက်ပျိုးသော ဝါဂွမ်းမှ ချည်ငင်ပြီး ရသောချည်ဖြင့် ယက်လုပ်ရသောစောင်မျိုးဖြစ်သည်။ အနက်ရောင်အဖြစ် ယက်ထား၍ အစွန်းနှစ်ဘက်တွင် နှစ်လက်မခန့်ကျယ်သော အဖြူရောင်မျဉ်းကြောင်း တစ်ကြောင်းစီနှင့် အလယ်တွင်လည်း ထိုကဲ့သို့သော အဖြူရောင် မျဉ်းပြိုင်းနှစ်ကြောင်းဖြင့် ယက်ထားသည်။ အနက်ကွက်များပေါ်တွင် (ချိတ်) အပွင့်ကွက် ထူးဆန်းစွာ ဖော်ထာသည်။ နှစ်လက်မခန့်ရှိသော အဖြူရောင်မျဉ်းပေါ်တွင် ချိတ်မဖော်ဘဲထားသည်။ ထိုအဖြူရောင် မျဉ်းပြိင်များကို အစွဲပြု၍ သွယ်လျာဟု နာမည်သေးထားခြင်း ဖြစ်သည်။

     

    ဤစောင်ကို လူတိုင်း စေ့မပိုင်နိုင်သော စောင်မျိုးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယက်လုပ်အတွင်း အချိန်ကြန့်ကြားခြင်း၊ နတ်ပူဇော်ရန် လိုအပ်ခြင်းတို့ကြောင့် လူတိုင်းမပိုင်ဆိုင်နိုင်ကြပေ။ အလျာချည်ကို အဖြူရောင်တန်း၍ အနက်ရောင်ချည်ဖြင့် အစုံကို ယက်လုပ်သည်။ အဖြူရောင်ကို လုံးဝမပေါ်နိုင်အောင် အနက်ရောင်ဖြင့် ဖုန်းအုပ်ယက်ခြင်းသည် လွယ်ကူသော နည်းမဟုတ်သောကြောင့် လူတိုင်းမယက်တတ်ကြပါ။

     

    ဇိုတုန်ဘာသာစကားဖြင့် သွယ်လျာ (Ccue Lia) ၏ အဓိပ္ပါယ်မှာ အပြေးပြိုင်ခြင်း/ အပြိုင်ဖြစ်ခြင်းဟူ၍ ဖြစ်သည်။ ဟားခါးဘာသာစကားဖြင့် ကျွမ်းလို (Ccawn Lo) ဟူသော စကားလုံး အဓိပ္ပါယ်ရှိမရှိကို ရှေ့မီနောက်မီဖြစ်၍ ချင်းသမိုင်းအတွက် (Laimi Dictionary) ဟု အခေါ်ခံသော ဟားခါး စော်ဘွားမျိုးနွယ်စုမှ သိက္ခတော်ရ ဆရာတော်ဦးဗန်ဟရဲကို၎င်း၊ ဟားခါးစော်ဘွားမျိုးနွယ်စုမှ ရပ်မိရပ်ဖဖြစ်သော ဦးအုပ်မန်းကို၎င်း သွားရောက်မေးမြန်းရာတွင် ကြွမ်လိုဟူသော စကားလုံးသည် ဟားခါးဘာသာစကားဖြင့် အဓိပ္ပါယ်မရှိကြောင်း ဖြေဆိုကြပါသည်။ သွယ်လျာ၊ သောင်နတ်စတင် ပေါ်ပေါက်လာသည့် သမိုင်းလည်း မရှိကြောင်း ထပ်လောင်း ဖြေဆိုကြပါသည်။ ချင်းဝတ်စုံဖြစ်သော သွယ်လျာ သောင်နတ်ကို အမြတ်တနိုးဝတ်ဆင်ကြသော အခြားလူမျိုးစုံများဖြစ်ကြသည့် ဆဲမ်ထန်၊ ယိုဖေ၊ ထန်တလန်၊ လာအိုသူ၊ မရမ်အစရှိသော လူမျိုးစုံတို့၏ ဘာသာစကားဖြင့်လည်း သွယ်လျာဟူသော စကားလုံးသည် အဓိပ္ပါယ်မရှိကြောင်း လေ့လာသိရှိပါသည်။

     

    ထို့ကြောင့် ဇုတုန်တို့၏ အခေါ်အဝေါ်ကို လိုက်၍ သွယ်လျာမှ အမျိုးမျိုးသော အသံသို့ ဆင်းသက် ပြောင်းလဲသွားကြောင်း ထင်ရှားပါသည်။ ထို့ပြင် ဆယ်ပီလုံငိုးတို့၏ အခေါ်အဝေါ်ဖြစ်သောကြောင့် ဆယ်ပီလုံငိုးရွာတို့နှင့် ဝေးသော ဒေသ၌ နေထိုင်ကြသော ဇိုတုန်လူမျိုးများပင် သွယ်လျာကို ပီသစွာ မခေါ်နိုင်ကြဘဲ သုန်းလားဟု အသံဆွဲခေါ်ဆိုကြပါသည်။ ဇိုတုန်မျိုးနွယ်စုအားလုံးကလည်း ဆယ်ပီ၊ လုံငိုတို့၏ အခေါ်အဝေါ်ကိုလိုက်၍ ခေါ်ဆိုကြကြောင်းနှင့် မူရင်းနာမည်ကို ပီသစွာ မခေါ်ဆိုနိုင်ကြကြောင်း ဝန်ခံကြပါသည်၊

     

    သောင်နတ် (Ccungnah)

     

    ဤစောင်သည် သွယ်လျာကဲ့သို့ မိမိတို့စိုက်ပျိုးရာမှ ရရှိသော ဝါဂွမ်းချည်ငင်းဖြင့် ယက်လုပသော စောင်မဟုတ်ဘဲ ပိုးချည်ကို အနီရောင် ဆိုးထားပြီး ယက်လုပ်သော စောင်မျိုးဖြစ်သည်။ အနီရောင်အကွက်ပေါ်တွင် အရောင်မျိုးစုံအပွင့်ကွက်များဖော်၍ ယက်လုပ်ထားသည်။ ပိုးချည်ဖြင့် ယက်လုပ်ထားသောကြောင့် ပြောင်လက်ချောမွေ့သည်ကို အစွဲပြု၍ သောင်နတ်ဟု ခေါ်ဝေါ်ကြသည်။ ဇိုတုန်ဘာသာ စကားဖြင့် သောင်နတ် (Ccungnah) အဓိပ္ပါယ်မှာ တောက်ပ ချောမွေ့မူကြောင့် အရောင်လက်နေသည်ဟူ၍ ဖြစ်သည်။

     

    အခြားမျိုးနွယ်စုဘာသာစကားဖြင့် အဓိပ္ပါယ် မရှိသောကြောင့် သွယ်လျာနည်းတူ ဆယ်ပီ၊ လုံငိုးဘာသာစကားဖြင့် အနည်းစပ်ဆုံးခေါ်ဝေါ်ခြင်းဖြစ်သည်မှာ ယုံမှားသံသယ ရှိဖွယ်မရှိပေ။

     

    သွယ်လျာ သောင်နတ်ပေါ်တွင် အပွင့်ကွက်ဖော်သည်ကို အခြေခံ၍ အခြားဝတ်စုံများဖြစ်ကြသော ခါးစည်းအဝတ်၊ ခေါင်းပေါင်း၊ လွယ်အိတ်၊ ထဘီနှင့်စောင်မျိုးစုံကိုလည်း အကွက် ဖော်တီထွင်ယက်လုပ်ခဲ့ကြသည်။ ဤနည်းဖြင့် ယခုခေတ်တွင် ခေတ်နှင့် လိုက်သော အပွင့်ကွက်များကို ရှေါ်ခေတ် အပွင့်ကွက်များ၏ ပုံစံကို အခြေခံ၍ ဝတ်စုံအမျိုးမျိုး တီထွင် ခဲ့ကြသည်ကို တွေ့မြင်နိုင်သည်။

     

    ဒေါ်ရီယာသင်ဝေဒနာခံစားခြင်း

     

    ဒေါ်ရီယာသင်သည် ဝတ်စုံမျိုးစုံယက်လုပ်ပြီး ခါးနာ၊ ပုခုံးနှာရောဂါတို့ဖြင့် မလူပ်ရှားနိုင်သည့်အထိ ရောဂါဝေဒနာ ခံစားခဲ့ပါသည်။ ထို့ကြောင် နိမိတ်လက္ခဏာ ဟောတတ်သူကို မေးရာ ယက်ကန်း မျိုးစုံယက်သောကြောင့် နတ်စိတ်ဆိုး၍ ရောကာဝေဒနာ ခံစားရခြင်းဖြစ်ကြောင်း ရောဂါသက်သာနိုင်ရန် နွားနောက်မတစ်ကောင်ဖြင့် နတ်ပူဇော်နိုင်မှသာ ရောဂါပျောက်ကင်းနိုင်မည်ဖြစ်ကြောင်းဟောခဲ့သည်။ ဤသို့ ပူဇော်ခြင်းသည်အခါ ဒေါ်ယာသင်အတွက် ရင်လေးဘွယ် တစ်ရပ်ပင် ဖြစ်သော်လည်း ထိုကဲ့သို့ မပူဇော်နိုင်ပါက အသက်သေဆုံးမည်ဖြစ်သောကြောင့် အကြွေးယူပြီး နတ်ပူဇော်ခဲ့သည်။

     

    ဒေါရီယာသင် အစေခံ (ကျွန်) ဖြစ်သွားခြင်း

     

    ဒေါ်ရီယာသင်သည် ရောဂါ ပျောက်ကင်းရေးအတွက် နတ်ပူဇော်ရန် လိုအပ်သော နွားနောက်မတစ်ကောင်ကို မိမိကိုယ်ပိုင်မရှိသောကြောင့် လုံငိုးစော်ဘွား၏ နွားနောက်မတစ်ကောင်ကို ချေးယူ၍ နတ်ပူဇော်ခဲ့သည်။ သူ၏ ယုံကြည်ချက်အတိုင်း ရောဂါပျောက်ကင်းသွားသည်။ သို့ရာတွင် နွားနောက်မတစ်ကောင်ကို ကြွေးမဆပ်နိုင်သောကြောင့် ဇိုတုန်မျိုးနွယ်စုတို့၏ ထုံးတမ်းစဉ်လာဥပဒေအရ ကြွေးမဆပ်နိင်သောသူသည် ကြွေးရှင်၏ အစေခံ (ကျွန်) ဖြစ်ရမည်ဟု ဥပဒေရှိသည်အတိုင်း ဒေါ်ရီယာသင်သည် လုံငိုးစော်ဘွား၏ အစေခံ (ကျွန်) အဖြစ်ဘဝနိမ့်ကျသွားခဲ့ရှာသည်။

    ဇိုတုန်ဝတ်စုံပျံ့နှံ့ခြင်း

     

    ဝတ်စုံပျံ့နှံ့ခြင်းကို ယေဘုယျဖြင့် နှစ်မျိုးဖြင့် ဖော်ပြနိုင်သည် -

    ၁၊ တိုက်ခိုက်သိမ်းပိုက်မူကြောင့် ပျံ့နှံ့ခြင်း

    ၂၊ ဆွေမျိုးတော်စပ်မူကြောင့် ပျံ့နှံ့ခြင်း

     

    ၁၊ တိုက်ခိုက်သိမ်းပိုက်မူကြောင့် ပျံ့နှံ့ခြင်း

     

    ရှေးခေတ်ဇိုတုန်တို့သည် ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်ရှိ အရှိန်အဝါကြီးသူတို့က မကြာခဏ တိုက်ခိုက်ခြင်းခံခဲ့ကြရသည်။ ပစ္စည်းများကို သိမ်းပိုက်ယူဆောင်သွားကြ၍ နေအိမ်များကို မီးရှိဖျက်ဆီးခဲ့ကြသည်။ ဤသို့ တိုက်ခိုက် သိမ်းပိုက်မူကြောင့် ဇိုတုန်ရိုးရာ ဝတ်စုံဖြစ်သော သွယ်လျာ၊ သောင်နတ်နှင့် အခြားဝတ်စုံပစ္စည်းများကိုလည်း ချင်းပြည်နယ်မြောက်ပိုင်းသို့ ပြန့်နှံ့ခဲ့ကြောင်း ဘိုးဘေးဘီဘင်တို့၏ သမိုင်းကို သက်ကြီးရွယ်အိုများ ပြောပြအရ သိရှိနိုင်သည်။

     

    ဆွေမျိုးတော်စပ်မူကြောင့် ပြန့်နှံ့ခြင်း

     

    ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်ရှိ အရှိန်အဝါကြီးသူ (စော်ဘွား)တို့သည် ဇိုတုန်မျိုးနွယ်စုတို့ကို မကြာခဏ တိုက်ခိုက်ကြသောကြောင့် ထိုဘေးဒဏ်မှ လွတ်မြောက်နိင်သော်လည်းကောင်း၊ အခြားမျိုးနွယ်စုတို့၏ နှောက်ယှက်မူကို အကာအကွယ်ရယူနိုင်ရန်သော်လည်းကောင်း ဟားခါးမြို့နယ်ရှိ ချင်းစော်ဘွားကြီး၏ သမီးကို ဇိုတုန်မျိုးနွယ်စုမှ ရွာသူကြီး (စော်ဘွားကြီး) မယားအဖြစ်တောင်းရမ်းလက်ထပ်ခြင်းအားဖြင့် ချင်းပြည်နယ် မြောက်ပိုင်းရှိ စော်ဘွားမျိုးနွယ်စုများနှင့် ဆွေမျိုးတော်စပ်ကြသည်။ ဤသို့ဖြင့် ဇိုတုန်မျိုးနွယ်စု ရိုးရာယဉ်ကျေးမူ ဝတ်စုံဖြစ်သော သွယ်လျာ၊ သောင်နတ်နှင့် အခြားဝတ်စုံမျိုးစုံတို့ကို ချင်းပြည်နယ်မြောက်ပိုင်းသို့ ပျံ့နှံ့ခဲ့ကြောင်း ဇိုတုန်တို့၏ သမိုင်းအရ သိရှိနိုင်သည်။

     

    သို့ဖြစ်၍ အချို့သော ချင်းလူမျိုးများ အမြတ်တနိုး ဝတ်ဆင်ထားကြသော ရိုးရာယဉ်ကျေးမူဝတ်စုံဖြစ်သော သွယ်လျာ၊ သောင်နတ်နှင့် အခြားဝတ်စုံများသည် ဆယ်ပီရွာမှ စတင်ပေါ်ထွန်းလာ၍ လုံငိုးရွာမှ နေရာနှံ့၊ ပြန့်နှံ့သွားခဲ့သော ဇိုတုန်မျိုးနွယ်စုတို့၏ ယဉ်ကျေးမူဝတ်စုံ "ဝတ်စုံ" အစစ်အမှန် ဖြစ်ကြောင်း တင်ပြသည်။ တနည်းအားဖြင့် "ချင်းဝတ်စုံအစဆယ်ပီက" ဟု ဆိုနိုင်ပေသည်။

     

    ဇိုတုန်လူမျိုးနွယ်စုတို့၏ အမွေဆက်ခံပုံ